Start me up – Myanmar
Share this:
 

VDB Loi ၏ CSR ခြေလှမ်းသစ်- မြန်မာလူငယ်စီးပွားရေးလုပ်ငန်းရှင်များက လုပ်ငန်းသစ်များကို စတင်ပျိုး ထောင်လုပ်ကိုင်နိုင်ရန် အတွက် အခမဲ့ဝန်ဆောင်မှု အဖြစ်ဖြစ်စေ၊ သက်သာသော ၀န်ဆောင်ခနှင့်ဖြစ်စေ၊ ဥပဒေ ရေးရာ ၀န်ဆောင်မှုများပေးရန်၊ နှင့် မြန်မာ လူငယ်စီးပွားရေးလုပ်ငန်းရှင်များက ၄င်းတို့၏ စိတ်ကူးစိတ်သန်းများကိုစီးပွား ရေးလုပ်ငန်းအဖြစ် လက်တွေ့ အကောင်အထည် ဖော်ရာတွင် ကူညီရန် ရည်ရွယ် ပါသည်။


 

ဘယ်လုပ်ငန်းမဆို “လုပ်”တယ်ဆိုတာ “ပြော”ရတာလောက် မလွယ်ပါဘူး။ လုပ်ငန်းသစ်တစ်ခု အောင်မြင်အောင်ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေများစွာ ရှိနေတာကို ကျွန်တော်များကုမ္ပဏီက ကောင်းစွာနားလည်သဘောပေါက်ပါသည်။ လုပ်ငန်းစတင်လုပ်ကိုင်သည့်လုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင် ပညာရှင်များ၏ဥပဒေရေးရာအကူအညီများကို အဲဒီလောက်အရေးတကြီးလိုအပ်နေချိန်မှာ ယင်းတို့ကို ရယူခြင်းမရှိကြသည်မှာ ကုန်ကျစရိတ်သက်သာစေလိုတာကြောင့် ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ၊ တစ်ခါတစ်ရံတွင် လုပ်ငန်းရှင်များသည် ၄င်းတို့ကျွမ်းကျင်လိမ္မာရာနေရာမဟုတ်တဲ့ စာချုပ်ဆိုင်ရာကိစ္စရပ်များ၊ ကုမ္ပဏီတည်ထောင်ခြင်းဆိုင်ရာကိစ္စရပ်များ နှင့် အခြားဥပဒေရေးရာကိစ္စရပ်များကို ရင်ဆိုင်ဖို့ ၀န်လေးနေတတ် ကြပါသည်။

လုပ်ငန်းရှင်များက မိမိတို့၏ ဖန်တီးနိုင်စွမ်း၊ လုပ်ရည်ကိုင်ရည်တို့ကိုအပြည့်အ၀အသုံးချလျက်၊ မိမိတို့၏ လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ ကျွန်တော်များကုမ္ပဏီက အချိန်အခါနှင့်အံဝင်ဂွင်ကျဖြစ်၍ ထိရောက်သည့် ဥပဒေရေးရာဝန်ဆောင်မှုများ ပေးနိုင်ရန် အသင့်ကြိုဆိုနေပါသည်။

VDB Loi ကုမ္ပဏီသည် မြန်မာနိုင်ငံရှိထိပ်တန်း ဥပဒေအကြံပေးကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ကျွန်တော်များ ကုမ္ပဏီက မြန်မာလူငယ်စီးပွားရေးလုပ်ငန်းရှင်များက မိမိတို့၏စီးပွားရေး လုပ်ငန်းကို အစပျိုးလုပ်ကိုင်နိုင်ရန် ပံ့ပိုး ခြင်းဖြင့် စီးပွားရေး နှင့် လူ့အဖွဲ့အစည်းကို တိုးတက် စေမည်ဖြစ်ပါသည်။
ကျွန်တော်တို့ ကုမ္ပဏီသစ်ဝန်ဆောင်မှုအဖွဲ့သည် လူကြီးမင်းတို့ကို လိုအပ်သော အကူအညီများ ပေးမည် ဖြစ် ပါသည်။

VDB Loi ၏ ကုမ္ပဏီသစ်ဝန်ဆောင်မှုလုပ်ငန်းများတွင် အောက်ပါတို့ပါဝင်ပါသည်။

  • ကုမ္ပဏီသစ်ဝန်ဆောင်မှုဆိုင်ရာစာရွက်စာတမ်းများ – လူကြီးမင်းတို့ သက်သာသောဝန်ဆောင်ခဖြင့် သို့မဟုတ် အခမဲ့ရယူနိုင်သော လုပ်ငန်းစတင်ခြင်းနှင့်စပ်လျဉ်းသည့် ဥပဒေရေးရာစာရွက်စာတမ်းများ၊ အဆိုပါ စာရွက် စာတမ်းများတွင် သင်းဖွဲ့စည်းမျဉ်းများ၊ ရုံးခန်းငှားရမ်းခြင်းဆိုင်ရာ သဘောတူစာချုပ်များ စသည်ဖြင့် ပါဝင်သည်။
     
  • ၀န်ဆောင်မှုရယူလိုသူစိတ်ကြိုက် ဆောင်ရွက်ပေးသည့် ကုမ္ပဏီဝန်ဆောင်မှုအစီအစဉ်၏ ၀န်ဆောင်မှု များ – လူကြီးမင်းတို့၏ လုပ်ငန်းများစတင်ဆောင်ရွက်ရာတွင် လိုအပ်သော စာရွက်စာတမ်းများနှင့် ရင်းနှီးမှုရှိစေရန်အတွက် သတ်မှတ်ထားသည့်ဝန်ဆောင်ခဖြင့် ကူညီပေးမည့် ဥပဒေရေးရာ ၀န်ဆောင်မှု များ။
     
  • ရှေ့နေနှင့်တိုင်ပင်ဆွေးနွေးခြင်း – လူကြီးမင်းတို့လုပ်ငန်းနှင့်စပ်လျဉ်းသည့် ဥပဒေရေးရာ ကိစ္စအသီးသီး အတွက် ဆွေးနွေးရန် သတ်မှတ်ထားသည့်ဝန်ဆောင်ခဖြင့် ဥပဒေရေးရာ ၀န်ဆောင်မှုများ။

Share this:
Website Security Test